Posts

Showing posts from April, 2025
Image

လောကနိီတိ

 #ရှုံးနိမ့်ခြင်း ..အလှ =============     အသိဉာဏ်နဲ့ယှဉ်ပြီး အရှုံးပေးလိုက်ခြင်းတွေဟာ ရလာဒ်က လှတယ်။အနိုင်ယူလိုက်နိုင်တာတွေကတော့ အစဉ်သဖြင့် မလှနိုင်ဘူး ဆိုရမှာပေါ့။ အနိုင်ရလိုက်ခြင်းတွေမှာ အငြှိုးအတေးနဲ့ #အာဃာတတွေက ပါလာမှာပဲ။    အနိုင်ရခြင်းဟာ #တရားမျှတမှုကို အခြေမခံရင် ခဏလေးတောင် ပျော်ဖို့ကောင်းတာ မဟုတ်ဘူး။ "ကိုယ့်အရိပ်တောင် ရန်သူထင်'' ဆိုတာလို စိုးရိမ်မှုတွေနဲ့ ရှင်သန်နေရတာမျိုး ဖြစ်တတ်တယ်ပေါ့။     #ရှုံးနိမ့်ခြင်း ဆိုတာ အမျိုးမျိုး ရှိတယ်။တချို့ကပဲ ခန္တီဂုဏ်နဲ့ညီတဲ့ အရှုံးပေးတာမျိုးဖြစ်ပါတယ်။ အများစုကတော့ နိုင်ချင်လို့ကို အရှုံးပေးရတာမျိုးတွေဖြစ်ပါတယ်။ #အသိဉာဏ်နဲ့ ပြိုင်ပါ -----------------------------    လောကသဘာဝမှာတော့ ပြိုင်ဆိုင်မှုတွေက အမျိုးမျိုး ရှိနေကြတာပဲ။တချို့က ခွန်အားကို အားပြုပြီး အနိုင်ယူချင်တယ်။တချို့က ညာဏ်ပညာကို အားပြုပြီး ယှဉ်ပြိုင်ကြတယ်။    ဘယ်လိုပဲ အားပြိုင်ကြပါစေ။ ယှဉ်ပြိုင်တိုက်ခိုက်မှုတိုင်းဟာ #တရားမျှတမှုကို အခြေခံထားရင်တော့ ကောင်းတာပေါ့။    ဒါမှ အနိုင်ရသူကော၊ရှုံးနိမ့်သူကော... နောက်ဆက်တွဲ အန္တရာယ်န...